Tuesday, March 15, 2016

ကေတုမတီ ကျုံးတော်



လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ခန့်မှ တောင်ငူဘုရင် 
မင်းကြီးညို တည်ဆောက်ခဲ့သော သမိုင်းဝင်ကျုံးနှင့် 
မြို့တွင်းကန်တော် ဖြစ်သည်။ မြို့ရိုးတစ်ဘက်လျှင် 
၁ မိုင်နှင့် ၂ ဖာလုံရှိ၍ လေးဘက်လေးတန်စုစုပေါင်း
အရှည် ၅ မိုင်တိတိရှိသည်။ သမိုင်းမှတ်တမ်းများအရ 
မြို့ရိုးတစ်ဘက်လျှင် အလျား ၁၈ လက်မ အနံ ၉ လက်မ
ထု ၃ လက်မ ရှိ အုတ်ချပ်ရေ ၄၂၅ သိန်း ၇ သောင်း
၉ ထောင်ကျော်ဖြင့်ဆောက်လုပ်ကာ မြို့ရိုးကြီးမှာ
ကြီးမားခိုင်ခံ့ပြီး အမြင့်ပေ ၃၀ ခန့်ရှိကာ စစ်မြင်းရထား
၃ စင်းယှဉ်မောင်းနိုင်သည် ဟု သိရသည်။
( မြို့ရိုးပျက်စီး ) မြို့ရိုးအကြွင်းကျန် ထုထည်ကြီးများကို
ကိုလိုနီခေတ်ကာလထိ တွေ့ရှိရသေးပြီး ဗြိတိသျှ
အစိုးရမှ တူးဖြိုဖျက်ဆီး၍ရထားလမ်း၊ ကားလမ်းများ
ပြုလုပ်ခဲ့သည်။ ထို့အပြင် ဂျပန်ခေတ် မဟာမိတ်တို့
အ၀င်တွင် မြို့ပေါ်ကျဲချသော တန်ဗုံးကြီးများကြောင့်
ပျက်စီးခဲ့ရသည်များလည်း ရှိကြောင်း သိရသည်။
ဒုတိယမြန်မာနိုင်ငံသမိုင်း၏ အထင်ကရကျုံးတော်
တစ်ခုဖြစ်ပြီး နိုင်ငံတွင်းနှင့် တိုင်းတစ်ပါး သမိုင်းဝင်
တိုက်ပွဲ ပေါင်းများစွာကိုလည်း ဖြတ်သန်း ကြုံတွေ့
ခဲ့သည့် သမိုင်းတန်ဘိုးကြီးမားသောကျုံးတော်တစ်ခု
လည်း ဖြစ်သည်။
ယခု မြင်ရသော ကျုံးအပြင် နန်းတော်ကို ဝိုင်းရံ၍
တည်ဆောက်ထားသော အတွင်းကျုံးတစ်ထပ်
ရှိသေးပြီး အတွင်းကျုံးမှာ လူနေတိုက်တာ ရပ်ကွက်များ
ဖုံးလွှမ်းသွားမှုကြောင့်တိမ်ကောပပျောက်သွားခဲ့ကာ
ကျုံးနှစ်ထပ်အပြင် ထပ်မံ၍ အတွင်းမြို့ရိုးတစ်ထပ်ရှိကာ
ကေတုမတီမြို့မှာ ကျုံးနှစ်ထပ် မြို့ရိုးနှစ်ထပ် ကာရံခဲ့ခြင်း
ဖြစ်သည်။
{ ကေတုမတီ }
ကေတု = အောင်လံတံခွန်
မတီ = ပိုင်ဆိုင်ပြည့်စုံခြင်း
အောင်လံတံခွန်ကို ပိုင်ဆိုင်လွှင့်ထူနိုင်သော မြို့ဟု
အဓိပ္ပါယ်ရလေသည်။ လက်ရှိတွေ့မြင်ရသော ကျုံးမှာ
ယိုးဒယားဘုရင် ဗြနရဇ် မှ အင်အားများစွာဖြင့် တစ်ကြိမ်
လာရောက် ဝန်းရံတိုက်ခိုက်ဖူးပြီး ကျုံးရေ နက်ကျယ်၍
အလွယ်တကူ ချဉ်းကပ်မရပဲ မြို့ကို ကောင်းစွာ အကာ
အကွယ် ပေးခဲ့သည့် သမိုင်းဝင်ကျုံးဖြစ်သည်။



Myanmar TravelBird

Saturday, July 18, 2015

ပင်းတယမြို့


Myanmar TravelBird



ပင်းတယမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်တွင် တည်ရှိပြီး ဧရာဝတီမြစ်၏ မြစ်လက်တက်ဖြစ်သောဇော်ဂျီမြစ် တောင်မှမြောက်သို့ ဖြတ်သန်းစီးဆင်းနေသော မြစ်ဝှမ်းတွင် တည်ရှိသည်။

ပင်းတယမြို့၏ အရှေ့ဘက်တွင် ကုန်းမြင့်လွင်ပြင်ကြီး ဖြစ်လျက်ရှိသည်။ ပေ ၃၀၀၀ ကျော်မြင့်မားသည်။
အနောက်ပိုင်းတွင်လည်း ပေ ၅၀၀၀ ကျော် မြင့်သောတောင်တန်းကြီး ရှိသည်။ ပင်းတယမြို့သည် တောင်တန်းကြီး၏ ခြေရင်းတွင် တည်ရှိသည်။ အလွန်ရှုခင်းလှပါပြီး မြို့အ၀င်တွင်  နာဂပတ္တန်၊ ပုတ္တလုတ်ကန်ဟု ခေါ်ဆိုသော ပင်းတယကန်ကြီး ရှိသည်။


ညောင်ကြက်ပင်တန်း၏ အရိပ်အောက်၌ တင့်တယ်စွာရှိပြီး ပင်းတယမြို့ အနောက်တောင်ယွန်းယွန်း ၁ မိုင်ခန့်အကွာတောင်စောင်းတွင် စောင်းတန်းအသွယ်သွယ် ရွှေရောင်ဝင်းဝင်းဖြင့် ရွှေဥမင်ဘုရား ရှိသည်။
ရွှေဥမင်ဘုရား၏ ကျောက်သားဥမင်ကြီးအတွင်း၌ ဘုရားဆင်းတုတော်များ လက်ညှိုးထိုးမလွဲအောင် 
များပြားလှပြီး ဂူအတွင်းတွင် သဘာဝအအေးဓာတ်ကို ထူးကဲစွာ ရရှိသည်။ ထိုဒေသတွင် ရှမ်း ပအိုဝ့်၊ ဓနု၊ ဗမာ တိုင်းရင်းသားများ အများစုနေထိုင်ကြပြီး ရေမြေပတ်ဝန်းကျင် သာယာလှပသောကြောင့် ဒေသတွင်းရှိ ဘုရားပုထိုးစေတီများအား ကြည်ညိုဖူးမြော်ရင်း ခရီးသွားပြည်သူများ လာရောက်အပန်းဖြေကြသည်။
ဒေသထွက် လက်ဖက်ခြောက်မှာ အနံ့အရသာ ထူးကဲကောင်းမွန်မှုကြောင့် ခရီးသွားပြည်သူများ နှစ်သက်စွာ
ဝယ်ယူလေ့ရှိသည်။ ပင်းတယမြို့သည် ရန်ကုန်မြို့မှ ခရီးအကွာအဝေးမိုင် ၃၇၀ ခန့်
အကွာတွင် တည်ရှိပြီး ကားဖြင့်သွားလာလျှင် ၁၄ နာရီဝန်းကျင်ခန့်ကြာမြင့်ပါသည်။


Find us on facebook

Popular Posts