Saturday, July 18, 2015

ပင်းတယမြို့


Myanmar TravelBird



ပင်းတယမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်တွင် တည်ရှိပြီး ဧရာဝတီမြစ်၏ မြစ်လက်တက်ဖြစ်သောဇော်ဂျီမြစ် တောင်မှမြောက်သို့ ဖြတ်သန်းစီးဆင်းနေသော မြစ်ဝှမ်းတွင် တည်ရှိသည်။

ပင်းတယမြို့၏ အရှေ့ဘက်တွင် ကုန်းမြင့်လွင်ပြင်ကြီး ဖြစ်လျက်ရှိသည်။ ပေ ၃၀၀၀ ကျော်မြင့်မားသည်။
အနောက်ပိုင်းတွင်လည်း ပေ ၅၀၀၀ ကျော် မြင့်သောတောင်တန်းကြီး ရှိသည်။ ပင်းတယမြို့သည် တောင်တန်းကြီး၏ ခြေရင်းတွင် တည်ရှိသည်။ အလွန်ရှုခင်းလှပါပြီး မြို့အ၀င်တွင်  နာဂပတ္တန်၊ ပုတ္တလုတ်ကန်ဟု ခေါ်ဆိုသော ပင်းတယကန်ကြီး ရှိသည်။


ညောင်ကြက်ပင်တန်း၏ အရိပ်အောက်၌ တင့်တယ်စွာရှိပြီး ပင်းတယမြို့ အနောက်တောင်ယွန်းယွန်း ၁ မိုင်ခန့်အကွာတောင်စောင်းတွင် စောင်းတန်းအသွယ်သွယ် ရွှေရောင်ဝင်းဝင်းဖြင့် ရွှေဥမင်ဘုရား ရှိသည်။
ရွှေဥမင်ဘုရား၏ ကျောက်သားဥမင်ကြီးအတွင်း၌ ဘုရားဆင်းတုတော်များ လက်ညှိုးထိုးမလွဲအောင် 
များပြားလှပြီး ဂူအတွင်းတွင် သဘာဝအအေးဓာတ်ကို ထူးကဲစွာ ရရှိသည်။ ထိုဒေသတွင် ရှမ်း ပအိုဝ့်၊ ဓနု၊ ဗမာ တိုင်းရင်းသားများ အများစုနေထိုင်ကြပြီး ရေမြေပတ်ဝန်းကျင် သာယာလှပသောကြောင့် ဒေသတွင်းရှိ ဘုရားပုထိုးစေတီများအား ကြည်ညိုဖူးမြော်ရင်း ခရီးသွားပြည်သူများ လာရောက်အပန်းဖြေကြသည်။
ဒေသထွက် လက်ဖက်ခြောက်မှာ အနံ့အရသာ ထူးကဲကောင်းမွန်မှုကြောင့် ခရီးသွားပြည်သူများ နှစ်သက်စွာ
ဝယ်ယူလေ့ရှိသည်။ ပင်းတယမြို့သည် ရန်ကုန်မြို့မှ ခရီးအကွာအဝေးမိုင် ၃၇၀ ခန့်
အကွာတွင် တည်ရှိပြီး ကားဖြင့်သွားလာလျှင် ၁၄ နာရီဝန်းကျင်ခန့်ကြာမြင့်ပါသည်။


Find us on facebook

Popular Posts